Search Your Home

    Property Type
    Developer
    Project Condition
    Price Range
    Rental Price
    Sales Price

    Aspire Vibha-Victory

    Aspire Vibha-Victory

    Property Description

    💥 မြန်မာငွေသိန်း ၄၀၀၀ ကျော်နဲ့ ဘန်ကောက်မြို့လယ်ခေါင်မှာ နေထိုင်ဖို့ နောက်ဆုံးအခွင့်အရေး 💥

     ထိုင်းအိမ်ခြံမြေချစ်သူများအားလုံး မင်္ဂလာပါခင်ဗျာ၊ ATE ကနေ ကြိုဆိုပါတယ်!
    ဘန်ကောက်မြို့လယ်ခေါင်မှာ စျေးနှုန်းချိုသာပြီး ချက်ချင်း၀ယ်၊ ချက်ချင်းနေထိုင်လို့ရမယ့် ကွန်ဒိုကောင်းတစ်ခု ရှာဖွေနေတဲ့ ထိုင်းအိမ်ခြံမြေချစ်သူတွေအတွက် “ရွှေ”ကဲ့သို့ ရှားမှ ရှားတဲ့ Project လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

    “ပတူနမ်” လို မြန်မာတွေ အကြိုက်ဆုံး နေရာနားမှာရှိပြီး မြန်မာငွေ သိန်း ၄၀၀၀ ဝန်းကျင် နဲ့ စတင်ပိုင်ဆိုင်နိုင်မယ့် ဒီ Project ဟာဆိုရင် နောက်တစ်ကြိမ် မရှိနိုင်တော့တဲ့ အခွင့်အရေး တစ်ခုလို့ ပြောရပါမယ်။

    📌 နေရာကောင်း အားသာချက်ရှိခြင်း

    ဒီ Aspire Vibha-Victory ကွန်ဒိုရဲ့ အဓိက အားသာချက်ကတော့ သူ့ရဲ့ တည်နေရာပဲ ဖြစ်ပါတယ်။ သူက ဘန်ကောက်မြို့လယ်ခေါင်က Din Daeng District ထဲမှာ တည်ရှိပါတယ်။

    BTS Victory Monument ကို Free Shuttle Bus စီစဥ်ပေးထားပြီး Airport Rail Link – Phayathai တို့နဲ့ အနီးဆုံးမှာ ရှိတာကြောင့် သွားလာရလွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အများဆုံး စျေး၀ယ်ထွက်လေ့ရှိတဲ့ ပတူနမ်စျေး၊ Siam Paragon, Siam Square, Central World တို့လို Shopping Center ကြီးတွေနဲ့လည်း မီတာအနည်းငယ်အကွာမှာပဲ ရှိနေတာကြောင့် မြို့ပြရဲ့ အကောင်းဆုံး Lifestyle ကို အချိန်တိုအတွင်း ခံစားနိုင်မှာပါ။ ဒီလိုနေရာကောင်းမှာရှိတဲ့ တခြားကွန်ဒိုတွေရဲ့ စျေးနှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် Aspire Vibha-Victory က သိသိသာသာ စျေးသက်သာ နေတာကို တွေ့ရပါလိမ့်မယ်။

    📌 စျေးနှုန်းနှင့် အရည်အသွေး

    လူတိုင်း စိတ်ပူတတ်တာက “စျေးသက်သာရင် Quality ကရော?” ဆိုတာပါပဲ။ စိတ်ပူစရာ လုံး၀ မလိုပါဘူးခင်ဗျာ။ ဒီ Project ကို တည်ဆောက်တဲ့ Developer က ထိုင်းနိုင်ငံရဲ့ Top 10 Developer ထဲမှာပါတဲ့ နာမည်ကြီး AP Thai ဖြစ်ပါတယ်။ Aspire Series ဆိုတာ AP Thai ရဲ့ လူကြိုက်များတဲ့ Brand တစ်ခုဖြစ်လို့ Quality ပိုင်းမှာ ပေးရတဲ့ စျေးထက် အများကြီး ပိုတန်ပါတယ် လို့ ကျွန်တော် ရဲရဲကြီး ပြောပါရစေ။

    စျေးနှုန်းအားဖြင့်လည်း ဘတ် ၃.၃၅ သန်း (မြန်မာငွေ သိန်း ၄၀၀၀ ကျော်) လောက်ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်လို့၊ ဒီလို မြို့လယ်ခေါင်အတွက်ကတော့ လုံးဝ မရှိနိုင်တဲ့ စျေးနှုန်း ပါပဲ။

    📌 အခန်းနှင့် ဒီဇိုင်းပုံစံ

    ဒီ Project က အထပ်ပေါင်း ၃၉ ထပ်ပါဝင်တဲ့ High-rise Condo အမျိုးအစားဖြစ်ပါတယ်။ အခန်းအမျိုးအစားတွေကတော့ ရွေးချယ်စရာ စုံလင်လှပါတယ်။

    ◼️ 1 Bedroom (26.5–33 Sq.m) – နေထိုင်ဖို့ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် အကောင်းဆုံး စံနှုန်းယူနစ်။

    ◼️ 1 Bedroom Extra (35 Sq.m) – နေရာပိုကျယ်ကျယ်လိုချင်သူများအတွက်။

    ◼️ 2 Bedroom 2 Bath (53–55 Sq.m) – မိသားစုများအတွက် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု ပိုကြီးလိုသူများအတွက်။

    ◼️ Vertiplex (32.5/35 Sq.m) – မျက်နှာကြက်မြင့်ပြီး အထပ်ခွဲထားတဲ့ ဒီဇိုင်းကြောင့် ပိုမိုကျယ်ဝန်းတဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါတယ်။

    ဒါ့အပြင် Project က Ready to Move ဖြစ်နေတာကြောင့် ချက်ချင်း၀ယ်ပြီး ချက်ချင်းပြောင်းရွှေ့ နေထိုင် လို့ရပြီဆိုတဲ့ အချက်ကလည်း ရင်းနှီးမြှုပ်နှံသူတွေအတွက် အချိန်ကုန်သက်သာစေတဲ့ အဓိက အားသာချက်တစ်ခုပါပဲခင်ဗျာ။

    Aspire Vibha-Victory ကွန်ဒိုဟာဆိုရင် စျေးနှုန်း၊ တည်နေရာနဲ့ ထိပ်တန်း Developer ရဲ့ Reputation သုံးခုလုံးကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားတဲ့ Project တစ်ခုပါ။ “မြန်မာသူဌေးတိုင်း အနည်းဆုံးတစ်ခန်း ပိုင်ဆိုင်ထားပြီးပြီ” ဆိုတဲ့ စကားကိုလည်း မှတ်ထားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဒီ Project ရဲ့ တန်ဖိုး (Value) ကို မြင်နေလို့ပါပဲ။

    အခုဆိုရင် Project က Final Call ဖြစ်တာကြောင့် သိန်း ၄၀၀၀ ကျော် ရှိရုံနဲ့ ဘန်ကောက်မြို့လယ်ခေါင်မှာ ပိုင်ဆိုင်ခွင့်ရမယ့် ဒီအခွင့်အရေးကို မသိလိုက်လို့ ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် အခုပဲ ကျွန်တော်တို့ Ananta Thailand Estate ကို ဆက်သွယ်ပြီး အသေးစိတ် စုံစမ်းရင်း Project ကို လိုက်လံကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

    “သုံးလိုက်တဲ့ ငွေကြေးနဲ့ ဝယ်ယူလိုတဲ့ ရည်ရွယ်ချက် ထပ်တူကျစေရမည် – 𝐄𝐱𝐩𝐚𝐧𝐝 𝐘𝐨𝐮𝐫 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲!”

    Project Facilities

    * PARLOUR
    * ASPIRE COMMON
    * CO-OP SOCIETY
    * WORK HUB
    * CHILL OUT
    * GREEN TERRACE
    * BREATHTAKING SCENERY
    * STAY
    * STAGE
    * STEP
    * HOP & BOUNCE YARD
    * STRENGTH
    * ENDURANCE
    * BALANCE
    * FLEXIBILITY
    * AQUA
    * HEALTHY SPACE
    * SKY LOUNGE
    * SKY PARK
    * GREEN YARD
    * PAVILION
    * PORTICO
    * PATIO

    Brochure

    Aspire Vibha Victory

    View
    Unit Plan

    Floor Plan

    Location

    Aspire Vibha-Victory

    Room Type

    AP Thailand

    Developer Unit

    Ready to Move

    High Rise

    Condo

    29 floors
    2-2-70.7 Rai
    Freehold
    45%
    593 Resudential Units & 1 Commercial Units

    1 Bedroom (S)

    1 Bedroom (M)

    2 Bedrooms , 1 Bathroom

    2 Bedrooms , 2 Bathrooms

    1 Bedroom , 2 Bathrooms (Vertiplex)

    702 Thanon Asok - Din Daeng, Din Daeng, Bangkok 10400
    Airpot Rail Link :Ratchaprarop Station (1.4 Km)
    3,300,000
    Features
    • Project Complete Year

      2025

    • Floor

      26th to 30th

    • View

      City View

    • Facing

      East

    Nearby Locations

    transportation

    * BTS Sukhumvit Line : Victory Monument Station (2.6 km)
    * Airpot Rail Link :Ratchaprarop Station (1.4 km)
    * MRT Blue Line : Phra Ram 9 Station (3.8 km)

    School

    * Nithi-Parinya School (96 Meter)
    * Chanthara Wicha School (300 Meter)
    * RBIS International School Bangkok (850 Meter)
    * Piboonprachasan School (350 Meter)
    * College of Management, Mahidol University (2.3 Km)
    * Mahidol-Oxford – Faculty of Tropical Medicine branch (1.7 Km)

    Shopping

    * Central Rama 9 (2.7 Km)
    * Central World (2.3 Km)
    * Siam Paragon (3.2 Km)
    * Century The Movie Plaza Victory Monument (1.4 Km)
    * MBK Centre (3.7 Km)

    Hospitals

    * Phayathai 1 Hospital (2 km)
    * Phayathai 2 Hospital (1.8 km)
    * Rajavithi Hospital (1.4 km)